ကျီခါး အောက်တိုဘာ ၅
ချင်းပြည်နယ် ၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံး စေရေး နှင့်မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် Door To Door စနစ်ဖြင့် အိမ်ထောင်စုအလိုက် မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျီခါးမြို့အုပ်ချုပ်ရေးမှူးဦးနေဇော်အောင်နှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ ပူးပေါင်းပြီးကျီခါးမြို့ပေါ်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်မဆုံးရှုံး စေရေးနှင့်မဲဆန္ဒရှင်စာရင်းများ မိုပိုပြည့်စုံမှန်ကန်စေရေး တို့အတွက် ဒုတိယအကြိမ် Door To Doorစနစ်ဖြင့်အိမ်ထောင်စု အလိုက်မဲစာရင်း တိုက်ဆိုင်စစ်ဆေး စစ်ဆေးခြင်းနှင့် သတ်မှတ်ကုတ်နံ ပါတ်များ ကပ်ထားပေးခြင်းလုပ်ငန်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)