ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများ တက်ရောက်နိုင်မည့် ပညာရေးလမ်းသွယ်များအကြောင်း ရှင်းလင်းဆွေးနွေး

ရွှေကူ မေ ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများ တက်ရောက်နိုင်မည့် ပညာရေး လမ်းသွယ်များအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းဦးက ၂၀၂၃-၂၀၂၄  ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ကျောင်း၌ သင်ကြားမည့် စိုက်ပျိုးရေးဘာသာရပ် များကို လည်းကောင်း၊ သင်ယူပြီးမြောက်ခြင်းနှင့် ပညာဆက်လက်ပညာသင်ကြားခွင့်များကို လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံ ဦးတေဇာအောင်က မွေးမြူရေးဘာသာရပ်များကို လည်းကောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။

ဆက်လက်၍ ရွှေကူမြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က ၂၀၂၃-၂၀၂၄  ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  Grade-9 အောင်မြင်ပြီးမြောက်ပြီး စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူ မည်သူမဆို တက်ရောက် သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ သင်ယူတတ်မြောက်ခြင်းနှင့် ပညာ ဆက်လက်သင်ကြားခွင့်များ၊ ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများကို အသေးစိတ်ထပ်ဆင့် ဆွေးနွေးပြီး အဆိုပါ ရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ‌ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း များမှ Grade-9 အောင်မြင်ပြီးမြောက် ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများမှ သိရှိလိုသည့် ပညာဆက်လက်သင်ကြားမည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)