ဗန်းမော်၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ပြုလုပ်

ဗန်းမော် မေ ၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မင်းကုန်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့နှင့်ပက်သက်ပြီး အမှာစကား ပြောကြားကာ ဗန်းမော်မြို့နယ် အတွင်းရှိ မီးသတ်ဝန်ထမ်းအငြိမ်းစား (၃)ဦးအား ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် နံနက် ၁၀ နာရီခွဲတွင် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညိန္ဒာလင်္ကါရ ဆရာတော်ထံမှ တရားနာယူခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)