မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မချမ်းဘော မေ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် "သားတို့သမီးတို့ကို ဒီနေ့ ဟောပြောပွဲ ပြုလုပ်ပေးခြင်းဟာ စာဖတ်ခြင်းအမျိုးအစား သုံးမျိုးထဲက နားနဲ့စာဖတ်ခြင်းကို ဆောင်ရွက်ပေးတာဖြစ်ပြီး စာဖတ်ခြင်းကြောင့် ရရှိတဲ့အကျိုးကျေးဇူးတွေကို များများသိစေချင်လို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း" ထည့်သွင်းပြောကြားသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ရဝမ်နှစ်ခြင်း အသင်းတော် Summer Camp မှ သင်တန်းသား (၂၀) ဦးတို့က ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနံရံကပ်စာစောင်များ အမှိုက်စနစ် တကျ စွန့်ပစ်ခြင်းဆိုင်ရာ နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)