တနိုင်း မေ ၅
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်မြို့၌ (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးတပ်ဖွဲ့နေ့ အခမ်းအနား ကို မေလ (၅) ရက်နေ့ နံနက် (၉) နာရီတွင် ကင်ဆားရာရပ်ကွက်၊ မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ တနိုင်းခရိုင်မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမိုးဇော်လင်က (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲမှူး ဒုရဲမှူးကြီး ဌေးဦး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဇော်ဇော်ထက်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မြသောင်းနှင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်ဝင်းတို့က အရန်မီးသတ် တပ်ဖွဲ့ဝင်များအား ရာထူးတံဆိပ်များ တပ်ဆင်ပေးခြင်း၊ တိုးချဲ့ဖွဲ့စည်းထားသော မိုင်းခွန်းကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦးအား ဝတ်စုံများ ပေးအပ်ပြီး တပ်ဖွဲ့ဝင်များအား ဂျပန်ဂိုးကျဉ်းဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြသထားသည့် သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး ပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ အောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
ပိုင်ထွန်း(တနိုင်း)