တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ "စာကြည့်တိုက်၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တနိုင်း မေ ၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မေလ ၅ ရက်နေ့ မွန်းတည့် (၁၂) နာရီခွဲက စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝါဦးက နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်တွင်လည်း လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူလေးများအား ဗဟုသုတရရှိစေမည့် သင်တန်းများလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ သည်။

​ဆက်လက်၍​ နွေရာသီအခြေခံမြန်မာစာစီစာကုံးရေးသားနည်း သင်တန်းမှ ပြိုင်ပွဲဝင် (၁၀)ဦးက "စာကြည့်တိုက်ရဲ့ အကျိုးကျေးဇူးများ" ခေါင်းစဉ်ဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)