ဆွမ်ပရာဘွမ်မြို့၌ Mask campaign လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

ဆွမ်ပရာဘွမ် မေ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉‌ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁နာရီခွဲက ဆွမ်ဘရာဘွမ်မြို့ ဘရန်းခူးရပ်ကွက်ရှိ စုပေါင်းစစ်ဆေးရေးဂိတ်၌ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက ဦး‌ဆောင်လျက်‌ လမ်းသွားလမ်းလာ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး အသိပညာပေးခြင်း၊ ဖြတ်သွားဖြတ်လာယာဥ်ကြီး၊ ယာဥ်ငယ်များအား‌ နေအိမ်အပြင်ထွက်ပါက Mask နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာသည့် အ‌လေ့‌‌အထများ ရှိ‌စေရန်ရည်ရွယ်ချက်ဖြင့် ယခုလို မြို့နယ်တာဝန်ရှိသူများက စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မိဘပြည်သူများအား ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဥက္ကဋ္ဌက အသိပညာ‌ပေး ပြောကြားသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧပရယ်မိုး(ပြန်/ဆက်)