မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဘုရားပရဝုဏ်အတွင်း၌ ယဥ်ကျေးလိမ္မာ အထူးတရားစခန်းပွဲ ဆက်လက်ကျင်းပ

မချမ်းဘေ့ာ မေ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဘုရားပရဝုဏ်အတွင်းရှိ တေဇသာရဓမ္မာရုံ၌ ပူတာအိုဆရာတော်များနှင့် ရွှေဆံပင်ဆရာတော်တို့ ဦးစီးကျင်းပသော ပူတာအိုဒေသလုံးဆိုင်ရာ (ဒုတိယ)အကြိမ် ယဥ်ကျေးလိမ္မာအထူးတရားစခန်းပွဲကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ယဥ်ကျေးလိမ္မာအထူးတရားစခန်းပွဲကို ဧပြီလ ၂၉ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ပြီး ရွှေဆံပင်ဆရာတော်နှင့် ပူတာအိုဆရာတော်တို့က နည်းပြများအဖြစ် ဆောင်ရွက်တော်မူကာ နံနက်ပိုင်းတွင်တရားစခန်းပုံစံဖြင့်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဘာသာရေးသင်ကြားမှုသင်တန်းပုံစံဖြင့်လည်းကောင်း၊ ညနေပိုင်းတွင် ဆွေးနွေးပွဲပုံစံဖြင့်လည်းကောင်း တစ်ရက်လျှင် (၈)ချိန်နှုန်းဖြင့် ဧပြီ ၂၉ ရက်နေ့မှ မေလ (၈)ရက်နေ့အထိ (၁၀)ရက်တာကျင်းပမည်ဖြစ်ပြီး သင်တန်းသား(၃၁၀)ဦးဖြင့် ယဥ်ကျေးလိမ္မာအထူးတရားစခန်းပွဲကို ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)