ပူတာအို မေ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအကြံပေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က ခရိုင်အတွင်းရှိ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၉ နာရီက ခရိုင်တရားရုံး၊ အစည်းအဝေးခန်းမ တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တရားသူကြီး များနှင့် ဥပဒေအရာရှိများသည် မှုခင်းကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတော်အကျိုး အတွက် လက်တွဲညီညီလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ မှုခင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် စီရင်ထုံးများကို စဉ်ဆက်မပြတ် လေ့လာမှတ်သား၍ နိုင်ငံတော်နှင့် ပြည်သူများ အတွက် ကြိုးစားထမ်းဆောင်ကြရန်ကြောင်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက ဥပဒေဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းမှာကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်က ရုံးလုပ်ငန်းဆိုင်ရာကိစ္စ ရပ်များနှင့် မှုခင်းကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာတွင် တွေ့ကြုံရနိုင်သည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများက မြို့နယ်များအလိုက် ရုံးလုပ်ငန်း ဆိုင်ရာကိစ္စရပ်များ၊ အလေးထားလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည် များ၊လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် နှင့် ပြည်နယ်ဥပဒေချုပ်တို့က တင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲများနှင့် လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေချုပ်တို့က မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း အား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)