ခိုင်ကမ်း အောက်တိုဘာ ၅
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးကင်းစကလေးမှ အသက်နှစ်နှစ်ထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ကျေးလက်ကျန်းမာရေးဌာနခွဲမှတာဝန်ကျ ဆရာမဦးဆောင်၍ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အသည်းရောင်အသားဝါ(ဘီ) ရောဂါ၊ ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေးတို့ကို ကလေးငယ်များ၏ အသက်အရွယ် အပိုင်းခြားအလိုက် လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသတင်းရရှိသည်။ ခိုင်ကမ်းမြို့တွင် မွေးကင်းစ ကလေးမှ အသက်နှစ်နှစ်ထိ ကာကွယ်ဆေး လာရောက် ထိုးနှံမည့် ယခုလအတွက်ကလေးငယ် စုစုပေါင်း (၂၈)ဦး ရှိကြောင်းသိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)