ငါ့သရောက်မြို့ ဗိုလ်ချိုခန်းမ၌ ပြည်သူ့စကားဝိုင်းကျင်းပ

ငါ့သရောက်  ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ချိုခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား ပြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်မင်းဦးမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောဆွေးနွေးသည်။

ဆက်လက်၍ ငါ့သရောက်နယ်မြေရဲတပ် ဖွဲ့စခန်းမှရဲအုပ်စိန်ဝင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိလူနာများအား ပြည်သူအားဖြင့်စုပေါင်းကာကွယ် ဟောပြောဆွေးနွေးပြီး ငါ့သရောက်တိုက်နယ်ပြည်သူ့ဆေးရုံတာဝန်ခံဆရာဝန် ဦးမျိုးဇော်အောင်က ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီး ကူးစက်နိုင်သည့် တိရစ္ဆာန်မှလူသို့ကူးစက်ခြင်း၊လူမှလူသို့ကူးစက်ခြင်းနှင့် ကာကွယ်နိုင်သည့် နည်းလမ်းများအား တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးဟောပြောသည်။

ထိုနောက် ညောင်ဦးခရိုင် ပြည်သူ့ကျန်းရေးဦးစီးဌာန၊ လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်က ပြည်သူများသိရှိနိုင်အောင် မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ ပညာပေး ကြော်ငြာအစီစဉ်များနှင့် အက်အမ်၊ ရေဒီယိုအသံလွှင့်ဌာနများ၊ သတင်းစာဂျာနယ်များတွင် COVID 19 ကူးစက်ရောဂါအကြောင်း သိကောင်းစရာများအား ကြည့်ရှုနားဆင်မှတ် သားကြရန် နှင့် လူများသည့်နေရာများဖြစ်သည့် ဈေး၊ ပွဲလမ်းသဘင်များသို့ သွားရောက်သည့်အခါ Mask နှာခေါင်းစည်းများတပ်ဆင်သွားကြရန်ရှောင်ရန်ဆောင်ရန်တို့အားဟောပြောဆွေးနွေးသည်။

အဆိုပါ (COVID 19) ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအသိပညာပေးဟောပြောဆွေးနွေးခြင်း ပြည်သူ့စကား ဝိုင်းအား ငါ့သရောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း(၁၇၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုထိန်(ငါ့သရောက်)