မြစ်ကြီးနား မေ ၈
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ယာယီခိုလှုံရာစခန်းနေ ပြည်သူများ နေရပ်ပြန်လည် နေထိုင်နိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း မိုင်းနားစိန့် ဂျိုးဇက်စခန်းမှ ပြန်လည်နေရာချထားပေးသည့် ဆွတ်ကြိုင်ကျေးရွာသို့ သွားရောက်ကွင်းဆင်းခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ အဆိုပါကျေးရွာရှိ အစမ်နိန်ဂျားရှရောတ်ခန်းမဆောင်၌ ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စု ၃၄ စုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာစခန်းများတွင် (၁၀)နှစ်ကျော်နေထိုင်ခဲ့ကြပြီး ယခုကဲ့သို့ နေရာသစ်တွင် အခြေချနေ ထိုင်ရာတွင် လိုအပ်ချက်များစွာ ရှိနေမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း အိမ်ထောင်စုများ နေရာသစ်တွင် တည်ငြိမ်ခိုင်မာစွာ အခြေချနေထိုင်နိုင်ရေး ရေ၊ မီး၊ လမ်းပန်းဆက် သွယ်ရေးစသည့် လိုအပ်ချက်များကို အတတ်နိုင် ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းအားပေး မှာကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်က ကျေးရွာသစ်အတွက် မြေအသုံးချမှု အခြေအနေများ၊ အိမ်ထောင်စု များအတွက် နေရာချထားပေးသည် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျေးရွာတာဝန်ခံနှင့် အိမ်ထောင်စုများက ကျေးရွာ အတွင်း လိုအပ်ချက်များဖြစ်သည့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေး၊ ကလေးငယ်များပညာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေး၊ သက်မွေးပညာသင်တန်းများ သင်ကြားပေးနိုင်ရေးနှင့် ကျေးရွာဈေးရရှိရေးစသည့် လိုအပ်ချက် များကို တင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ပေး သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဈေးနှင့် မူလတန်းကျောင်းခွဲအတွက် မြေနေရာလျာထား သတ်မှတ် နိုင်ရေး၊ ရေဘုံဘိုင်များ တူးဖော်ပေးနိုင်ရေးနှင့် လျှပ်စစ်မီးရရှိရေးအတွက် မီးလိုင်းများ တိုးချဲ့သွယ်တန်းပေးနိုင်ရေးစသည့် လိုအပ် ချက်များကို သက်ဆိုင်ရာကဏ္ဍ အလိုက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများ၏ နေအိမ်များနှင့် အိမ်ထောင်စုများ၏ လိုအပ်ချက်များကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားနိုင်ရေး စာသင်ဆောင် ဆောက်လုပ်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)