တနိုင်း မေ ၈
ကချင်ပြညနယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တနိုင်းမြို့ ဇေယျာသီရိဆရာတော် ဦးတေဇနိယက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း၊ စာတမ်းဖတ်ပွဲ၊ စာပေစကားဝိုင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် ပြိုင်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သည်များကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အသင်းဝင်များ တိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များ သတ္တိ၊ ဗျတ္တိရှိရန် လိုကြောင်း၊ စာပေ၏ ကျေးဇူးတရားကြီးမားကြောင်း၊ ယခုလာမည့် စာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် အကောင်းဆုံး ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေးမိန့်ကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)