တနိုင်းမြို့နယ် ကလေးစာဖတ်ခန်း၌  ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း အစီအစဉ်များ ဆောင်ရွက်ပေး

တနိုင်း မေ ၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့်အလေ့အများ ရရှိစေရန်၊ ဉာဏ်ပညာ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍  ပုံပြင်ပြောခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ က‌လေးစာဖတ်ခန်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင်သာမက စိတ်အပန်းဖြေ ပျော်ရွှင်စေရန်နှင့် အားလပ်ရက်တွင် ပျော်ရွှင်စေရန်၊ ဉာဏ်ပညာများ တိုးတက်မြင့်မား စေရေး၊ စာဖတ်သည့် အ‌လေ့အထများ ဖြစ်စေရေးအတွက်   ပုံပြင်ပြောခြင်း အစီအစဉ်များကို တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းအိ(တနိုင်း)