တနိုင်းမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တနိုင်း မေ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် (ဗဟို)မြို့မကျောင်းတိုက်၌ ဖွင့်လှစ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များထံမှ မြို့နယ် စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ယဉ်ကျေးလိမ္မာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဒါန်းဖွယ်ရာများ ဆက်လက်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍  ဗုဒ္ဓဘာသာယဉ်ကျေးမူ စာမေးပွဲအောင်မြင်သော ကလေးငယ်များအား  အောင်လက်မှတ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသော ဧည့်ပရိတ်သတ်များအား မုန့်နှင့်အချိုရည်များဖြင့် တည်းခင်းကျွေးမွေးခဲ့ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)