တီးတိန် အောက်တိုဘာ ၅
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့နယ်သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့နေ့လယ် ၁၁ နာရီခွဲက မြို့မရပ်ကွက်၊ နာရီစင်အနီးတွင် ပါးစပ်/နှာခေါင်းစည်း(Mask)အခဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနရုံးမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)