မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မချမ်းဘော မေ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ရှကော့နေဆန်းက ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ပြောကြားပြီး ပြိုင်ပွဲတွင် မချမ်းဘောမြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသား/ကျောင်းသူ ၂၀ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မချမ်းဘောမြို့နယ်ရုံးအနေဖြင့် ကျောင်းသားလူငယ်များ ဗလ ငါးတန်ဖွံ့ဖြိုးရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများ၊ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများကို အစဉ်သဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)