ဖလမ်းမြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် တင်ဒါခေါ်ယူ

ဖလမ်း          အောက်တိုဘာ         ၅

ဖလမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာယာရေး နယ်နိမိတ်အတွင်းဆောင်ရွက်မည့် ငွေကျပ်သန်း(၈၁၈ ဒသမ ၅၀၀)တန်းဖိုးရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စက်တင်ဘာ ၂၉ ရက်မှစ၍ လုပ်ငန်းတင်ဒါများ ခေါ်ယူလျက်ရှိကြောင်းသိရသည်။

ဖလမ်းမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လမ်းတာချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ ကားလေး ကွင်း မြေနေရာပြုပြင်ခြင်း၊ ရေပြွန်တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်း ပြုလုပ်ခြင်း၊ ကတ္တရာ ခင်းခြင်း၊ ရေမြောင်းပြုလုပ်ခြင်း၊ ရေလှောင်ကန်တည်ဆောက်ခြင်း၊ လမ်းမီးတပ်ဆင်ခြင်း၊ ကားကြီး ဝင်း(ကားကြီးရပ်နားစခန်း)ပြုလုပ်ခြင်း၊ ရိခေါ်ဒါရ်မြို့သို့အထွက် မြို့ဝင်မုခ်ဦး တည်ဆောက်ခြင်း၊ Song System ဝယ်ယူခြင်း၊ ကျောက်ချောခင်းခြင်း၊ ကျောက်စီနံရံပြုလုပ်ခြင်း လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။

အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို စက်တင်ဘာ ၉ ရက်နေ့မှစ၍ စတင်ရောင်းချခဲ့ပြီး အောက်တိုဘာ ၁၂ ရက်နေ့တွင် တင်ဒါလျှောက်လွှာများ ပိတ်မည်ဖြစ်သည်။ ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြား လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းဖြစ်ကြောင်းသိရသည်။

ဂျွန်