ဖရူဆို အောက်တိုဘာ ၅
နိုင်ငံတော်အစိုးရအနေဖြင့် အသက်(၈၀) နှစ်ပြည့်ပြီး အသက်(၈၅) နှစ်အောက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ စားဝတ်နေရေးအဆင်ပြေစေရန် အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ အောက်တိုဘာလ ၅ ရက်နေ့တွင် တာဝန်ရှိသူတို့က အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ တို့က ဖရူဆိုမြို့နယ်အတွင်းရှိ အသက်(၈၀) နှစ်ပြည့်ပြီး အသက်(၈၅) နှစ် မပြည့်သေးသူ အဘိုး (၄၄) ဦး၊ အဘွား (၅၄) စုစုပေါင်း(၉၈) ဦးအတွက် စားဝတ်နေရေး အဆင်ပြေစေရန် တစ်ဦးလျင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)