မိုးညှင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

မိုးညှင်း မေ ၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မေ (၈)ရက် နံနက် (၉)နာရီခွဲမှ (၁၂)နာရီထိ စုပေါင်းရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် (၈)ဦး၊ တတိယအကြိမ်တွင် (၂၅)ဦး၊ စတုတ္ထအကြိမ်တွင် (၁၁၅)ဦးနှင့် ပဉ္မအကြိမ်တွင် (၁၂၁)ဦး စုစုပေါင်း (၂၆၉)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း၊ ထိုကာကွယ်ဆေး ထိုးနှံပေးခြင်းကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း