ပန်ဝါ အောက်တိုဘာ ၆
ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ဒုတိယအကြိမ် ကြေညာခြင်းကို အောက်တို ဘာလ(၁)ရက်နေ့ နံနက်(၇)နာရီအချိန်မှစတင်၍ ပန်ဝါမြို့ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း ကြေညာထားလျက်ရှိသည်။
အဆိုပါ ကြေညာစာရင်းတွင်မဲပေးခွင့်ရှိသူများအနေဖြင့် မိမိနာမည်စာရင်း ပါ/မပါ အချက်အလက် မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည် မဲစာရင်းတွင်မပါတွင်ပါက ပုံစံ(၃)ဖြင့် လည်ကောင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်ကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ၄(ဂ)ဖြင့်လည်းကောင်း ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင် တစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်လာရောက် ကြည့်ရှုစစ်ဆေးခြင်း ဖြင့်ပူးပေါင်း ဆောင်ရွက်ကြပါရန် နိုးဆော်ထားပြီး မဲစာရင်းကို အောက်တိုဘာလ(၁)ရက် နေမှ (၁၄)ရက်နေ့အထိ (၁၄)ရက်တိတိ ကြေညာထားမည်ဖြစ်သည်။
ပန်ဝါမြို့၌ အမှတ်(၁)ရပ်ကွက်တွင် မဲရုံ အမှတ်(၂၂)၊ အမှတ်(၂)ရပ်ကွက်၌ မဲရုံအမှတ် (၂၃)နှင့် အမှတ်(၃)ရက်ကွက်တွင် အမှတ်(၂၄) စုစုပေါင်း (၃)ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၇၀၃)ဦးရှိကြောင်း ပန်ဝါမြို့ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ မှသိရသည်။
ရဲညွန့်(ပြန်/ဆက်)