ဟားခါး−ဂန့်ဂေါလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား

ဟားခါး အောက်တိုဘာ

ချင်းပြည်နယ် ဟားခါးမြို့မှ (၂၄)မိုင်ခန့်အကွာ ဟားခါးဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်အမှတ် MDY- ခြောက်ဘီးကားအဖြူရောင်ယာဉ်သည် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ယာဉ်မောင်း အိပ်ငိုက်ရာမှ ယာဉ်အရှိန်လွန်ပြီး ပေ(၅၀)ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်း သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးနိုင်လင်းဦး အသက်(၄၀)နှစ်ခန့်   မောင်းနှင်လာသည့် ယာဉ်အမှတ် MDY- ခြောက်ဘီးကား အဖြူရောင်ယာဉ်သည် သစ်ခွဲသားများ တင်ဆောင်လာပြီး ယာဉ်မောင်းအိပ်ငိုက်ရာမှ ယာဉ်အရှိန်လွန်ပြီး ပေ(၅၀)ခန့်ချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူနာတင်ယာဉ်()စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယာဉ်မောင်း ဦးနိုင်လင်းဦးသည် ဦးခေါင်းငယ်ထိပ်ပေါက်ဒဏ်ရာ၊ ယာဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ကြောင်း၊  ဟားခါးမြို့၊ ပြည်သူ့ ဆေးရုံကြီးသို့ ဟားခါးခရိုင်စခန်းရှိ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးနိုင်လင်းဦးအား ဟားခါးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)