မတူပီ အောက်တိုဘာ ၆
ချင်းပြည်နယ်၊ မတူပီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန (ရုံးချုပ်) မှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းအကြောင်းနှင့်ပတ်သက်၍ မတူပီမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအနေဖြင့် မူလလုပ်ငန်းတာဝန်များအပြင် ကိုဗစ်−၁၉ ရောဂါကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး ကိစ္စရပ်များတွင်ပူးပေါင်ပါဝင်ဆောင်ရွက်ခြင်း၊ အသိပေး ကြေညာချက်များအား ရပ်ကွက် /ကျေးရွာများအတွင်း နေ့စဉ်လှည့်လည် ကြေညာခြင်း၊ အခြေခံလူတန်းစားများအား ထောက်ပံ့ပေးအပ် ရန်အတွက် စာရင်းဇယား ပြုစု/ထောက်ပံ့ခြင်းနှင့် ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံခြင်း၊မဲစာရင်းပြုစုခြင်း၊ ပြင်ဆင်/ဖြည့်စွက်ခြင်း လုပ်ငန်းတာဝန်များကိုပါ ထမ်းဆောင်လျက်ရှိကြောင်း စိစစ်တွေ့ရှိ ရပါသဖြင့် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးမတူပီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ငွေများပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ စာရေးဝန်ထမ်းများက အသီးသီးလက် ခံခဲ့ကြကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မတူပီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၇၂)အုပ်စု၏ စာရေးဝန်ထမ်း (၇၂)ဦးကို တစ်ဦးလျှင်ငွေကျပ် (၁)သိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၇၂)သိန်းကို ဒုတိယအကြိမ်အဖြစ်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)