ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရဲတပ်ဖွဲ့ အချုပ်စခန်းများ ကြည့်ရှုစစ်ဆေး

လင်းခေး မေ ၁၂

ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဦးသန်းဦးလွင်သည် ၂၀၂၃ ခုနှစ်၊ မေလ(၁၀၊၁၁)ရက်နေ့များတွင် လင်းခေးခရိုင်အတွင်းရှိ လင်းခေးမြို့မ ရဲစခန်းနှင့် မိုင်းပန်မြို့မရဲစခန်းများရှိ အချုပ်ခန်းများအား တရားစီရင်ရေးဥပဒေပုဒ်မ ၆၈ အရ အချုပ်ခံနေရသူများနှင့် ပတ်သက်သည့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများခံစားနိုင်ရေး၊ အမှုများစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး ကြည့်ရှုစစ်‌ဆေးခဲ့‌ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တရားရုံးတွင် အမှုစစ်ဆေးဆဲအချုပ်တရားခံများ၊ အမှုစစ်ဆေးဆဲ အချုပ်သားများ၊ တရားမစွဲတင်မီအမှု စုံစမ်းစစ်ဆေးဆဲ အချုပ်သားများအား ဥပဒေပါအခွင့်အရေး များရရှိခြင်း ရှိ၊ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားဆောင်ရွက်မှုများ ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း အချုပ်ခံနေရသူများနှင့် ရဲတပ်ဖွဲ့အချုပ်စခန်းများကို စစ်ဆေးပြီး မျက်မြင်လေ့လာတွေ့ရှိချက်များအရ ဆောင်ရွက်ရန်ရှိသည်များကို သက်ဆိုင်ရာတာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့စခန်းများ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်အတူ လင်းခေးခရိုင် တရားသူကြီး၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ် တရားသူကြီးများ လိုက်ပါခဲ့ကြပြီး၊ လင်းခေးခရိုင်တရားရုံး၊ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် တရာရုံးများနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

လင်းခေးခရိုင်(ပြန်ဆက်)