မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မန်းမြောင်း ရေတိုက်စားမှုအား ကွင်းဆင်း စစ်ဆေး

မယ်စဲ့  အောက်တိုဘာ   ၅               

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မန်း ကျေးရွာရှိ လယ်မြေများသို့ ရေပေးဝေနေသည့် နမ့်မန်းရေပေးမြောင်း ချောင်းရေတိုက်စား ပျက်စီးမှု အခြေအနေအား အောက်တိုဘာ ၅ ရက် နေ့လယ်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဘောလခဲ ခရိုင် တည်ဆောက်ရေးနှင့်အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ခရိုင်၊/မြို့နယ်အဆင့် ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့်အဖွဲ့သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်မန်း ရေပေးမြောင်း လယ်ယာဘက်အခြမ်း ချောင်းရေတိုက်စား၍ မြောင်းဘောင် အရှည်ပေ ၄၀၀ ခန့် ပျက်စီးမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီးနောက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက တောင်သူများ၏ မိုးစပါး ရေပေးဝေချိန်ဖြစ်ရာ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ရေလမ်းကြောင်း ပြန်ဖြောင့်သည့်အချိန်တွင် တောင်သူများ၏ လယ်မြေများ မထိခိုက်စေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)