ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်း ရေးလုပ်သားများနှင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မေ ၁၂

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်း‌ရေးလုပ်ငန်သားများ၊ စိမ်းလန်းစိုပြေရေး၊ မြို့ပြရေပေး ရေးနှင့် ဈေးသန့်ရှင်းရေး/ ညစောင့်ဝန်ထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာ ရေးဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာ မြို့ရွာများ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပစေရေး နေပူ/ မိုးရွာ မရှောင် တာဝန်ကျေပွန်စွာထမ်းဆောင်ရသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့် ယနေ့ မိသားစုများ၏ နေထိုင်စားသောက်မှုကို အ‌ထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း အားပေး ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက မြို့နယ်ည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သား (၁၂၄) ဦး၊ စိမ်းလန်း စိုပြေရေးလုပ်သား (၃၇)ဦး၊ မြို့ပြရေပေးရေးလုပ်သား (၁၈)ဦးနှင့် ဈေးသန့်ရှင်းရေး/ ညစောင့် လုပ်သား (၂၁)ဦး စုစုပေါင်း လုပ်သား (၂၀၀)ဦးတို့အတွက် တစ်ဦးလျှင် ဆန် (၄)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၁)ထုတ်၊ ကုလားပဲ (၂၅)ကျပ်သားနှင့် ကြက်ဥ(၁၀)လုံးစီတို့ကို ထောက်ပံ့ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။

ပြည်နယ် (ပြန်/ဆက်)