ချီဖွေမြို့နယ်မြိုမ‌ဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကျင်းပ

ချီဖွေ   မေ      ၁၂

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မြို့မဈေးအရှေ့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ ပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကို ယနေ့ နံနက် (၈) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင့် သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးယန်မီဒီးဇီက ယခုအချိန်သည် ခြောက်သွေ့သော နွေရာသီအချိန်ဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မုန်တိုင်းအန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယခုလို အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်‌ တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကာကွယ်ရလုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ၊ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မုန်တိုင်းအန္တရာယ်ကျရောက်ချိန်များတွင် လိုက်နာရမည့် အချက်များကို အသေးစိတ် သရုပ် ပြသခဲ့ကြသည်။

ထိုသို့ မီးဘေးအန္တရာယ်အသိပညာ ပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြပွဲတွင် မြို့နယ် မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယန်မီဒီးဇီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦး‌ဇောင်းရယ်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ် အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးသူ၊ ဈေးသား တို့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။

 ယော်ကိ(ပြန်/ဆက်)