တနိုင်း မေ ၁၂
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ "အပူဒဏ်ကာကွယ်ရေး ဆိုင်ရာ" အသိပညာပေး Talk Show ကို မေလ ၁၀ ရက်နေ့ နံနက် (၁၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဦးက အဆိုပါ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားပြီး မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမကြီး ဒေါပြုံးချိုက နွေရာသီနှင့်ရာသီဥတု ပူပြင်းသော အချိန်ကာလတွင် အပူဒဏ်ကြောင့် ချွေးထွက် လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှုများပြားတတ်ကြောင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေ အထိ ဖြစ်တတ်ခြင်း၊ မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်ရန် ကျန်မားရေးနှင့် အာကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များကို လိုက်နာသင့်ကြောင်းကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြား ခဲ့သည်။
ပန်းအိ(တနိုင်း)