မိုးမောက်မြို့၌ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

မိုးမောက်       မေ      ၁၂

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်ကျန်းမာရေးဌာန ၊ မြို့နယ်တိုင်းရင်းဆေးကုဌာန နှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို မေလ ၁၂ ရက် မွန်းလွှဲ ၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်း နန်းထွေးကဟောပြောပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက် ၊ နွေရာသီကာလ အပူဒဏ်လွန်ကဲခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်နှင့် ကျန်းမာရေးဌာန ၊ တိုင်းရင်းဆေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများ၏ ပြည်သူများပေါ် မည်ကဲ့သို့ဝန်ဆောင်မှုများ ပေးနေကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာန ဆရာမကြီးဒေါ်ကြည်ကြည်ဝင်းက ရာသီလိုက်စား သုံးသင့်သော အစားအစာများ၊ အပူဒဏ်မှရှောင်ကြဉ်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် မည်ကဲ့ သို့နေထိုင်ရမည်ကိုအကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ကျန်းမာရေးမှူး ဦးစန်းနိုင် က အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော အခြေအနေများနှင့် အပူဒဏ်လျော့ကျစေရန် လုပ်ဆောင်နိုင်သောအချက်များ၊ အပူဒဏ်ကြောင့်ခံစားနေရသော လူနာများအားရှေးဦးပြုစုခြင်းနည်းလမ်းများနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်အကြောင်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်