ဆွမ်ပရာဘွမ်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဆွမ်ပရာဘွမ် မေ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ (၄)နာရီအချိန်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ (Disaster Management Committee) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းမှုဖြင့် မြို့ပေါ်(၃)ရပ်ကွက်ရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အများကြားသိနိုင်သော နေရာများ၌ အသံချဲ့စက်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဉီးစည်သူအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မနက် ၈ နာရီတွင် တစ်ကြိမ်၊ ညနေ ၄ နာရီတွင် တစ်ကြိမ်၊ တစ်နေ့လျှင် နှစ်ကြိမ်နှုန်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း (Disaster Management Committee)အဖွဲ့များထံမှ သိရှိရသည်။

ဧပရယ်မိုး(ပြန်/ဆက်)