ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက် Online Page မှ ပန်းလိုချင်အပင်ကိုပျိုးတက်မှ စာအုပ်မိတ်ဆက်​​​

ပန်းတနော်  အောက်တိုဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Online Page မှ ဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတက်မှ စာအုပ်မိတ်ဆက် အစီအစဉ်ကို ယမန်နေ့ နေ့လည် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များက ဆွေးနွေးခဲ့သည်။

​ရှေးဦးစွာ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက စတင်မိတ်ဆက်ဆွေးနွေးခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်လှ၊ လက်ထောက် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်မာဝေတို့က မိဘဆရာ ရိုသေပါ၊ ကလေးနှင့် အနုပညာ ခံစားခြင်း၊ ပန်းလိုချင် အပင်ကို ပျိုးတက်မှ၊ ကလေးနှင့်ပတ်ဝန်ကျင်၊ကလေးနှင့် ကျောင်းထားချိန်၊ ကျောင်းနေပျော်၍ စာတော်ပါစေ၊ မြို့ပတ်ရထားပေါ်မှ ဆရာမ၊မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း စာအုပ်ငှားရမ်း ခြင်းတွေကို ခေတ္တယာယီပိတ်ထားရတဲ့အချိန်မှာ စာပေဝါသနာရှင်များ၊ စာဖတ်ပရိတ် သက်များနှင့် ကလေးသူငယ်များကို အသိပညာရရှိစေတဲ့ ပုံပြင်ပြောပြခြင်း၊ စက္ကူအရုပ် ခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ် မိတ်ဆက်ခြင်းစသည့် Online ဝန်ဆောင်မှု လုပ်ငန်းများကို ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက် Pageမှ တဆင့် အပတ်စဉ် တင်ဆက်ပေးနေကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)