ဇလွန် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ နံနက်ပိုင်းက ပြသခဲ့သည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက် ပွဲဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ကာလအတွင်း မိမိ၏မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များလိုက်နာစေရေး ၊ အဖွဲ့ဝင်များက မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား ၊ ယခုပဲသွားရောက်စစ်ဆေးလိုက်ပါ ခေါင်းစဉ်ပါ နံရံကပ်ပိုစတာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသထားကြောင်းသိရသည်။
ဝေယံ (ဇလွန်)