ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ဒေါ့ဖုန်းယန်မြို့   အောက်တိုဘာ   ၆

ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု   ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များကိုပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိ နိုင်ရန်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇  နာရီခန့်တွင် ပျံကျဈေး၌  ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊(ရုံးချုပ်)နေပြည်တော်မှထုတ်လုပ်သည့် အသိပညာပေးသတင်းစကား လက်ကမ်း စာစောင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ Facebook စာမျက်နှာမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကောက်နုတ်ချက်၊ ခံနိုင်ရည်မွေးရမှာပါ၊  စနစ်တကျ လက်ဆေးနည်း၊ အနုပညာရှင်များ၏ အသိပေးစကားသံများ၊ အဓိကသတင်းစကား (၁၀)ချက်၊ ရောဂါကူးစက်ပြန့်နှံ့နိုင်ခြေ၊ လိုက်နာရန်အချက်များ၊ ဆပ်ပြာနှင့်ရေကိုအသုံးပြု   လက်ဆေးခြင်းဖြင့်    ကာကွယ်ပါ စသည့်အချက်များ ပါဝင်သည့်   သတင်းစကားလက်ကမ်း စာစောင်ကို  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒေါ့ဖုန်းယန်မြို့ ဝန်ထမ်းများက ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ ကြောင်းသိရသည်။

မြသက်(ပြန်/ဆက်)