ဗန်းမော်မြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်

ဗန်းမော် မေ ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA)နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုကို ယမန်နေ့ ညနေ ၃ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြက်ခင်းပြင်၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)နှင့် ပတ်သက် ပြီး နိုင်ငံတော်က ထုတ်ပြန်ကြေညာထားသည့် အချက်အလက်များအကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ကူညီကယ်ဆယ်နိုင်ရေးနှင့် လိုအပ်သည်များ ထောက်ပံ့ပေးနိုင်ရန်  စီစဥ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ကယ်ဆယ်ရေးအသုံးပြုယာဥ်နှင့် စက်ပစ္စည်းများကို လိုက်လံကြည့်ရှု ခဲ့ကြသည်။

အဆိုပါ သရုပ်ပြကြိုတင် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)