ဗန်းမော် မေ ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် Grade-12 သင်ရိုးသစ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က "အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံ့သားကောင်း တစ်ယောက်တွင် ရှိရမည့် စရိုက်လက္ခဏာများ၊ ဒီမိုကရေစီကျင့်စဉ်ကောင်းများ၊ ပြည်သူ့နီတိကျင့်စဉ်များ ဖြစ်ထွန်းစေသည့် အသိပညာ ကျွမ်းကျင်မှု စိတ်နေသဘောထား၊ အနုပညာရသခံစားတတ်မှုနှင့် အပြုအမူများ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်" အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နေသွယ်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ်များမှ အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမ ၃၈၆ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၁၅.၅.၂၀၂၃)ရက်နေ့မှ (၂၄.၅.၂၀၂၃) ရက်နေ့အထိ (၁၀)ရက်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)