ကာမိုင်းမြို့၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကာမိုင်း မေ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား‌၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်းမှ ကျောင်းသား ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲမှ ဆုရရှိသူများကို မြို့ဦးစီးမှူးတာဝန်ခံ ဒေါ်ရွှေဇင်ဦးက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ 

ထို့နောက် စာအုပ်စာစောင်ပြပွဲ ဆက်လက်‌ပြသရာတွင် ကလေးနှင့် သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့်စာအုပ်များကို ခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ် လူရွယ်များက စိတ်ဝင်တစားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)