တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

တနိုင်း မေ ၁၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ‌ ကျောင်းပိတ်ရက်ကာလ ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ သင်ကြားပေးသည့် ဘာသာရပ်များ လက်တွေ့အသုံးချတတ် စေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို  ယမန်နေ့ မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက မြန်မာစာပေကို တန်ဖိုးထား တက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

အဆိုပါ ပြိုင်ပွဲ၌ တနိုင်းမြို့နယ် (Community Center) တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် အခြေခံမြန်မာစာ စာစီစာကုံး ရေးသားနည်း၊ ကဗျာရေးသားနည်းသင်တန်းမှ ပြိုင်ပွဲဝင် (၁၀) ဦးတို့က ကိုယ်တိုင်ရေးစပ်ထားကြသော ကလေးကဗျာ (လေးလုံးစပ်) ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူ (၃)ဦးအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။      

ပန်းအိ(တနိုင်း)