မန္တလေး အောက်တိုဘာ ၆
စာရေးဆရာမမြမြဆွေ(စိတ်ပညာ)၏ စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိဒေါ်မြင့်မြင့်သန်း က အမှာစကားပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းအား ကျင်းပရာ စာရေးဆရာမမေကျော် (ပြန်/ဆက်)နှင့် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါစာအုပ်မှ စားသောက်မှု ဘဝဟန်ပန် မှန်ကန်စေချင်၊ ခွင့်လွှတ်ခြင်းဖြင့်အီးကျူမြှင့်ပါ၊ လူငယ်ထုရဲ့ စိတ်ဝင်စားမှုသုတေသန၊ ဆွဲဆောင်မှုရှိခြင်းနှင့် အောင်မြင်ခြင်း၊ လူကြီးလူငယ်နှင့် ဆိုရှယ်မီဒီယာ၊သင်လည်း ခေါင်းဆောင်တစ်ဦးဆိုတာသိပါသလား အစရှိသော ဆောင်းပါးများကို ဖတ်ရူ့ကာ အပြန်/အလှန်ဆွေးနွေးခဲ့သည်။
ခုလိုကိုဗစ်ကာလမှာ ပြည်သူများအသိပညာဗဟုသုရရှိစေရန်၊ စာဖတ်ခြင်းဖြင့်ရရှိသော ဗဟုသုတများ အချင်းချင်း ဖလှယ်ကြရန်၊ စာဖတ်ခြင့်ဖြင့် အသိဉာဏ်အတွေးအခေါ်ရင့်သန်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းအား အွန်လိုင်းပေ့မှ တဆင့်အသိပညာများ ဖြန့်ဝေကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထပ်မံ၍လည်း အသိပညာပေးခြင်း လုပ်ငန်းများအားကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း ကပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)