ဆွမ်ပရာဘွမ်မြို့နယ်၌ (ငွေဗိုက်)အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ထောက်ပံ့ ငွေများပေးအပ်

ဆွမ်ပရာဘွမ် အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌(ငွေဗိုက်)အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင် လောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကိုယနေ့နံနက် (၁၀) နာရီက မြို့နယ်ဘန်ရူ ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက လူမှုရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန (ငွေဗိုက်)အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ အမှန်တကယ် မိမိတို့ အစီအစဉ်ဖြင့် NGO များဖြင့်ပူးပေါင်း၍ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိမိတို့ဒေသအနေဖြင့် လိုင်းမကောင်းခြင်း ဖုန်းမသုံးခြင်းတို့ကြောင့် အခက်အခဲဖြစ်၍မရရှိဘဲ ကျန်နေမည်စိုးသောကြောင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဦးဆောင်၍ ဒုတိယဦးစီးမှူး ဦးစည်သူအောင်နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက် စာရေးများပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ထောက်ပံ့ငွေရရှိခြင်း ကြောင့် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင် (၁၃) ဦးအား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ကျပ်သုံးသိန်းကိုးသောင်းအား ကိုယ်ဝန်ဆောင် မိခင်လောင်းများထံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးတို့က လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျေးရွာအုပ်စု(၉)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၂၅) ဦး တစ်ဦးလျှင် ကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ကျပ် ခုနှစ်သိန်းငါးသောင်းအား သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဆက်လက်ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့နယ် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်လောင်း (၃၈) ဦးအတွက် စုစုပေါင်းကျပ် ဆယ့်တစ်သိန်းလေးသောင်းကိုလူမှုဝန် ထမ်းဦးစီးဌာန(ငွေဗိုက်) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ကိုယ်ဝန်ဆောင်မိခင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ်)