မေ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ မြို့ပေါ် ၄ရပ်ကွက်ရှိ ချောင်းကမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသော ပြည်သူများအား သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားရှိရေး လိုက်လံအသိပညာပေးနှိုးဆော်ခြင်းကို မေလ ၁၆ရက်၊ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးအောင်နှင့် ရပ်ကျေးအဖွဲ့များ၊ နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးသိန်းကျော်နှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများက ချောင်းဘေးတစ်လျှောက် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မိသားစုဝင်များအနေဖြင့် ကာကွယ်ရေးနည်းလမ်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး