သိန္နီ မေ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း ရေဘေး၊ လေဘေး(မုန်တိုင်း) အန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုန့်ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်စုဖွဲ့ခြင်းလုပ်ငန်းကို အမှတ်(၁၆) ခြေလျင်တပ်မဟာဝင်းအတွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၆) ခြေလျင်တပ်မဟာ စစ်ဦးစီးပထမတန်း ဦး/ရေး/ထောက် ဒုတိယဗိုလ်မှူးကြီးဝင်းကိုက၊ ကွပ်ကဲမှုနှင့်စီမံခန့်ခွဲမှုအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ လမ်းကြောင်းရှင်းလင်းရေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ပို့ဆောင်ဆက်သွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ နေရာချထားရေးနှင့်အုပ်ချုပ်ထောက်ပံ့မှုအဖွဲ့၊ ရန်ပုံငွေရှာဖွေရေးနှင့်ထိန်းသိမ်းရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ နှင့်တွေ့ဆုံကာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အသုံးပြုမည့်ကယ်ဆယ်ရေးပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ မော်တော်ယဉ်ကြိုတင်စီစဉ်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)