စဉ့်ကူး၊ ဖေဖော်ဝါရီ ၂၇ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကိ

ပုလော ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်းအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာပြုံးချို၊ မြို့နယ်အမျိုးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးမြတ်ရီ ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ထွန်း၊ သားဖွားဆရာမ ဒေါ်ချောစုမွန်တို့က (2019-nCov) အကြောင်းသိကောင်းစရာများ၊ ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်သောအရာများ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ နံရပ်ကပ်စာစောင်များ ပြသပေးခဲ့သည်။

ထူးဝေယံ(ပြန်/ဆက်)