ဒေါ့ဖုန်းယန် အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဉီးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗွီ)၊ ပိုလီယိုအစက်ချ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ဝက်သက်နှင့်ဂျိုက်သိုး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း မေးခိုင်နှင့်ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ၊ ကိုယ်ဝန်ဆောင် သန်ချဆေးနှင့် သံဓာတ် အားဆေးများ တိုက်ကျွေးခြင်း ဆီးချိုရောဂါ၊ ငှက်ဖျား၊ HIV ကာလသားရောဂါ၊ သွေးအားနည်းခြင်း ရှိ/မရှိ သွေးဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၂)နှစ် အောက် ကလေး(၃၄)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၃၈)ဦးတို့ကို ကျေးလက် ကျန်းမာရေး ဆရာမ ဒေါ်ဆိုင်းနန်နှင့် ဝန်ထမ်းများက တိုက်ကျွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စိုးအိအိဖြိုး(ပြန်/ဆက်)