တနိုင်း အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်း နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီ အထိ မိခင်နှင့်ကလေးကျန်းမာရေးရုံး၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၂)နှစ်အောက်ကလေးများအတွက် လစဉ် ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)တို့ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆုံဆို့မေးခိုင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တနိုင်းမြို့ပေါ်(၇)ရပ်ကွက် အတွင်းရှိ အသက်(၂)နှစ် အောက်ကလေးငယ်များ တစ်လပျှမ်းမျှ(၅၅)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်များ တစ်လပျှမ်းမျှ(၄၆)ဦး တို့အား အပတ်စဉ် အင်္ဂါနေ့တိုင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)