ဝိုင်းမော်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေ

ဝိုင်းမော် မေ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဝိုင်းမော်မြို့နယ် အမှတ် (၂) ရပ်ကွက်၊ မြို့မဈေး(၂)တွင် ဖြန့်ဝေခဲ့သည်။

ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန် ဦးဆောင်၍ ဝန်ထမ်းများက  မြို့မဈေး (၂) အတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့‌သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကမ္ဘာ့ကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှုကိုလျှော့ချရန် နည်းလမ်းများ၊ မြန်မာနိုင်အတွင်း ရာသီဥတု ပြောင်းလဲမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံ့မှုဖြစ်စဉ်များ၊ ပလတ်စတစ် ညစ်ညမ်းမှု ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ် သုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များစသည့် အချက်အလက်များ ပါဝင်ကြောင်း သိရှိရသည်။

ဖြူစင်