(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

မယ်စဲ့ ဇန်နဝါရီ  ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမရှေ့ အားကစားကွင်း၌ စတင်ကျင်းပသည်။

ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား(၈)သင်း၊ အမျိုးသမီး(၈)သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား (၁၆)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီလ(၄)ရက်နေ့တွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများ ကျင်းပခြင်းအပြင် လွန်ဆွဲပွဲ၊ မီနီမာရသွန်နှင့် အခြားအားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်းအယ်ဗစ်တာထူးထံမှ သိရသည်။

ဝတ်ရည် (ပြန်/ဆက်)