ပူတာအိုခရိုင်၌ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများသို့ အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပူတာအို မေ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မေလ(၁၄)ရက်နေ့က ဖြစ်ပွားခဲ့ သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ဒေသများသို့ အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက မိုခါဆိုင်ကလုန်းမုန်တိုင်းဘေး သင့်ဒေသများသို့ အလှူငွေများ၊ ပစ္စည်းများ အား တတ်နိုင်သည့်ဘက်မှ ကူညီလှူဒါန်းပေးစေလို ကြောင်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှလည်း ဝန်ကြီးဌာနအလိုက် လှူဒါန်းပေးကြရန် ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့မှလည်း ဈေးကော်မတီများ၊ ဈေးသည်များ၊ ဈေးဆိုင်များ၊ အလှူရှင် များထံမှ ငွေ၊ ပစ္စည်းပါဝင်လှူဒါန်း နိုင်ရေး အလှူခံဌာနဖွင့်လှစ်ရန်နှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း၊ ကုမ္ဗဏီလုပ်ငန်းရှင်များမှလည်း တတ်နိုင်သမျှ ကူညီလှူဒါန်းပေးစေလိုကြောင်း၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များမှလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အလှူငွေများ ပါဝင်လှူဒါန်း ပေးစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများမှလည်း ဘေးသင့် ဒေသရှိ ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် အလှူငွေရရှိရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့နိုင်ရေးအတွက် ပူတာအိုခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ လှူဒါန်းငွေကျပ်သိန်း (၂၂၆၀၀၀၀) ကျပ်အား မေလ (၁၈)ရက်နေ့တွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့လှူဒါန်းခဲ့ပြီး ဘေးသင့်ဒေသများသို့ လှူဒါန်းလိုသော အလှူငွေများနှင့် ပစ္စည်းများအား မေလ(၂၃)ရက်နေ့ နောက်ဆုံးထား လှူဒါန်းပေး ကြပါရန်နှင့် အဆိုပါ လှူဒါန်းရရှိငွေများနှင့် ပစ္စည်းများကို ကချင် ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စီပွားရေး လုပ်ငန်းရှင်များ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)