မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးမည့် ပျိုးပင်ပေါင်း (၁၀၆၈၇၂)ပင် ပျိုးထောင်ထားရှိ

မိုးညှင်း မေ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့်  ပျိုးပင်ပေါင်း (၁ဝ၆၈၇၂)ပင်ကို မြို့မသစ်တောပျိုးဥယျာဉ်ခြံတွင် ပျိုးထောင် ထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီး ခြင်းမှကာကွယ်စေရန်၊ လေကောင်းလေသန့်များရရှိစေရန်နှင့် ထင်းသုံးစွဲမှုဖူလုံစေရန်ရည်ရွယ်၍ နှစ်စဉ် မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသရေမြေနှင့်ကိုက်ညီမည့် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိပြီး နှစ်စဉ် မိုးရာသီကာလတွင် ဖြန့်ဝေစိုက်ပျိုးကြလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီကာလအတွင်း ဖြန့်ဖြူးစိုက်ပျိုးနိုင်ရန်အတွက် ဒေသနှင့်ကိုက်ညီသော ကျွန်း၊ ပျဉ်းကတိုး၊ တောင်တမာ၊ သစ်အယ်၊ စကားဝါ၊ ပိတောက်၊ ပျဉ်းမ၊ မဟော်ဂနီ၊ ရေပိတုန်း၊ မယ်ဇလီ၊ မျောက်ငို၊ မန်ဂျာရှား၊ ကံ့ကော်၊ ခရေနှင့် ဆူးထင်းရှူး စသည့်ပျိုးပင်များကို ပျိုးထောင်ထားရှိရာ လူထုဖြန့်ဝေမည့်ပျိုးပင် (၁၇၀၀၀)ပင်၊ အထူးပျိုးပင် (၇၀၀၀)ပင်၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းအတွက် (၇၆၈၀၀)ပင်၊ ကျေးရွာထင်း စိုက်ခင်းအတွက် (၅၈၀၈)ပင်၊ မီးရထားလမ်းဘေးဝဲယာ စိုက်ခင်းအတွက် (၂၆၄)ပင် စုစုပေါင်းပျိုးပင် (၁၀၆၈၇၂)ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းထံမှ သိရသည်။

ရွှေမိုးညှင်း