ခိုင်ကမ်း အောက်တိုဘာ ၇
ချင်းပြည်နယ် ဖလမ်းခရိုင်တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခိုင်ကမ်းမြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ပြစ်မှု ဆိုင်ရာသိကောင်းစရာများ On Line Talk Show ကို ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ခိုင်ကမ်းမြို့နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇင်ထွန်းမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အများပြည်သူများသိသင့်သည့် ပြစ်မှုဆိုင်ရာများ သုံးစွဲသူရောင်းချသူ စသည့် တို့အတွက် ပြစ်မှု ပြစ်ဒဏ်များ ဆွေးနွေးခဲ့ပေးခဲ့ကြောင်းသိရသည်၊
ဝုန်လွန်းညောင်(ခိုင်ကမ်း)