၂၀၂၃-ခုနှစ် ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဖလား ယူ-၂၃ အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပူတာအို   မေ   ၂၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်ထုများအတွင်း အားကစားစိတ်ဓါတ်ထက်မြက်ရှင်သန်လာစေ ရန်၊ လူငယ်ထုများအတွင်း စည်းလုံးချစ်ကြည်ရင်းနှီးမှုတည် ဆောက်နိုင်စေရန်နှင့် မိမိဒေသဂုဏ် ဆောင်အားကစား သမားများပေါ်ထွန်းလာစေရန်သာမက နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည် ရွယ်ကျင်းပခဲ့သော မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဌ ဖလား ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ် လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၂၀)ရက် မွန်းလွှဲ(၂) နာရီခွဲက ပူတာအိုခရိုင်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့် ကောင်ကထောင်လူငယ်ဘောလုံး အသင်းနှင့် လေယာဉ်ကွင်း လူငယ်ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ လေယာဉ်ကွင်းလူငယ်ဘောလုံး အသင်းက လေးဂိုးသုံးဂိုးဖြင့် ဆု ဖလားဆွတ်ခူးရရှိသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမယစ်ယောရှု၊ မြန်မာနိုင်ငံ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်၊မြို့နယ်ရဝမ် စာပေနှင့်ယဉ် ကျေးမှုအသင်း ဉက္ကဋ္ဌ ဦးမဖန်း ဆင်ဆုန်းနှင့်တာဝန်ရှိသူများက နေရာအလိုက် အကောင်းဆုံးကစားသမား ဆု၊ပြိုင်ပွဲတစ်လျောက်အသင်းလိုက် အသန့်ရှင်းဆုံးဆု၊တတိယဆုရ ဇီးအွန်လူငယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားနှင့်ဆုကြေးငွေ၊ ဒုတိယဆုရ ကောင်ကထောင်လူငယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားနှင့်ဆုကြေးငွေ၊ပထမဆုရ လေယာဉ်ကွင်းလူငယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ဆွဲပြား၊ဆုကြေးငွေနှင့်ဆုဖလားများကို အသီး သီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဌ ဖလား ယူ-၂၃အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၁၃)သင်းတို့က မေလ(၉) ရက်နေ့မှ(၂၀) ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)